fbpx

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည်

By MPA
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့် မေလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တု့ိတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ယင်းညီလာခံကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးရလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
“ချာတာအရ ကျွန်တော်တို့ သုံးနှစ်တစ်ကြိမ်လုပ်တယ်။ အဓိကအားဖြင့် CEC တွေကိုပြန်ပြီး ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။ ပြီးရင် ညီလာခံဆိုင်ရာ လုပ်ငန်းတွေလည်းရှိတယ်။ ကျွန်တော်တု့ိ ရေးဆွဲထားတဲ့ မူဝါဒတွေရယ် နောက်ပြီးတော့ လုပ်ဆောင်မယ့် လုပ်ငန်းတွေ၊ ဆိုင်ရာဆိုင်ရာလုပ်ငန်းများစသဖြင့်ပေါ့လေ။ ဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်”ဟု SNLD ပါတီ၏ တွဲဖက် အတွင်းရေးမှူး (၁) စိုးကျော်ညွန့်က MPA သတင်းဌာနသို့ ပြောပြသည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ နွေဦးတော်လှန်ရေးအခင်းအကျင်းများကို ယင်းညီလာခံတွင် ဆွေးနွေးမည်ဖြစ်သော်လည်း ဘယ်လောက် အထိ နက်နက်နဲနဲ ဆွေးနွေးသွားမည်ကို မသိရှိနိုင်သေးကြောင်းနှင့် ညီလာခံနှင့် ပတ်သက်သည်များကိုလည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အသိပေးသွားမည်ဖြစ်ကြောင်း ၎င်း က ဆက်ရှင်းပြသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: