fbpx

အမေရိကန်ပြည်ထောင်စုသည် မီးနှင့် ကစားနေခြင်းဖြစ်ဟု တရုတ်နိုင်ငံထုတ်ပြော

                                                                               Photo – auroracup
By MPA (နိုင်ငံတကာသတင်း)
ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်ပါဝင်နေမှုသည် မီးနှင့် ကစားနေခြင်းနှင့်တူသည်ဟု တရုတ်နိုင်ငံဘက်က နိုင်ငံပိုင်မီဒီယာများမှတဆင့် အသိပေးလိုက်သည်။
ယမန်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်ခရီးစဉ်တွင် ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ဘေဂျင်းအစိုးရက ကျူးကျော်ရန် ကြိုးစားလာလျှင် အမေရိကန်ပြည်ထောင်စုဘက်က အင်အားသုံး ကာကွယ်ပေးမည်ဟု ပြောကြားခဲ့သည်။
The Sraitstimes သတင်းစာ၏ ဖောြ်ပချက်အရ တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက အမေရိကန်သည် “မီးနှင့် ကစားနေသည်”ဟု ပြောကြားထားပြီး ယင်းကို နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
အမေရိကန်သည် တရုတ်ကို ထိန်းချုပ်ရန်အတွက် ထိုင်ဝမ်ဆိုသည့် ကတ်ကို အသုံးပြုနေပြီး သူ့အလိုလို လောင်ကျွမ်းသွားလိမ့်မည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က ပြောကြားခဲ့သည်။
ယင်းနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ထိုင်ဝမ်နှင့် ပတ်သက်သည့် မှတ်ချက်သည် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကြီးထွားနေသော စီးပွားရေးနှင့် စစ်ရေးအင်အားအပေါ် တင်းမာမှုများ မြင့်တက်လာချိန်တွင် ယင်းမှတ်ချက်က အမြင့်ဆုံးထိ ရောက်စေခဲ့သည်။
ထိုင်ဝမ်ကို ကာကွယ်ရန် ဝါရှင်တန်က စစ်ရေးအရ ပါဝင်နိုင်မည်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က “YES” ဟု ဖြေကြားခဲ့ပြီး ယင်းသည် ၎င်းတို့၏ ကတိကဝတ်များဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ယင်းသို့ ဖြေကြားချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂျပန်နိုင်ငံသည်လည်း အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားသည့် မဟာမိတ်နိုင်ငံဖြစ်သည်ဟုလည်း အသိပေးခဲ့သည်။
ဝါရှင်တန်နှင့် ဂျပန်ကဲ့သို့သော မဟာမိတ်များသည် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုကို ပြင်းထန်စွာ တုံ့ပြန်ရန်နှင့် တစ်ဖက်သက် စစ်ရေးဆောင်ရွက်မှုကို ဆန့်ကျင်ရန် အခြားသူများ အထူးသဖြင့် တရုတ်နိုင်ငံကို သတိပေးချက်များဖြင့် လွှမ်းမိုး ထားခြင်းလည်း ဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: