October 27, 2021

IDP

By Kaung Mrat Naing / MPA ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းတွင်  နေအိမ်အချို့ပျက်စီးနေသောကြောင့် ပြန်လည်ပြုပြင်ရန် အကူအညီများ လိုအပ်နေကြောင်းသိရသည်။...
By MPA တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ရှောင်လျက်ရှိနေကြသည့်ဒေသခံ၃၀၀၀ခန့်သည် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စားနပ်ရိက္ခာအခက်အခဲများ ရှိနေသည်။   အောက်တိုဘာလပထမအပတ်အတွင်းက စစ်တပ်၏ ဝင်ရောက်ရှာဖွေမှုများ၊ အကြမ်းဖက်လုပ်ရပ်များကြောင့်...
 By MPA ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စက်တင်ဘာလ၁၈ရက်နေ့က မြို့တွင်း၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် မြို့တွင်း၌မနေရဲကြတော့ဘဲ စစ်ရှောင်လျက်ရှိကြရာ မြို့ပေါ်တွင်ဒေသခံအိမ်ထောင်စု ဆယ်ဂဏန်းဝန်းကျင်ခန့်သာ ကျန်ရှိတော့သည်။...
By Kaung Mrat Naing / MPA ဆယ်နှစ်ကြာအိုင်ဒီပီဘဝ သြဂုတ်လနောက်ဆုံးအပတ်ကတည်းက မိုးတိမ်ပါးပါးနေ့တစ်နေ့၏ မနက်ခင်းသည်စစ်တွေမြို့ပေါ်တွင် သာယာလန်းဆန်းနေသည်။ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနော က်ဘက်ရှိ မွတ်ဆလင်အိုင်ဒီပီမျာနေထိုင်ရာ...
By MPA   သြဂုတ်လဆန်းက စစ်ရေးအခြေအနေ တင်းမာနေသည့် ကယားပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅,၀၀၀ နီးပါး ထပ်တိုးလာကြောင်း စစ်ဘေးရှောင်များအတွက် ကူညီပေးသူများထံမှ သိရသည်။   ကယားပြည်နယ်တွင် တိုက်ပွဲများ...
By MPA ကယားပြည်နယ်(ကရင်နီပြည်နယ်ရှိ) စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ဘေးရှောင်များ၏ စာနပ်ရိက္ခာအတွက် အလှူငွေများလက်ခံထားသည့် KBZ PAY အကောင့်တစ်ခုမှငွေများ ပိတ်သိမ်းခြင်း(freezeပြုလုပ်ခြင်း)ခံခဲ့ရကြောင်းသိရသည်။ “ကျမက အဲ့အကောင့်ကနေဒီဘက်ကလူတွေနဲ့ ချိတ်ဆက်အလှူခံထားတာ။freezeအလုပ်ခံလိုက်ရတယ်။...
[ English Below ] By MPA စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင်စစ်တပ်၏ ကျေးရွာများသို့ တိုက်ခိုက်ခဲ့ခြင်းများကြောင့် နှစ်ရက်အတွင်း နေရပ်စွန့်ခွာရသူဒေသခံ ၅၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း...
By MPA ချင်းပြည်နယ်မင်းတပ်မြို့နယ်သို့ရောက်ရှိနေသည့် UNHCR(The UN Refugee Agency)၏အကူအညီပေးရေးယာဥ်တန်းသည် စစ်ဘေးရှောင်စခန်းများထံသို့သွားရောက်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။ “ကျနော်သိတာကတော့ ဒီနေ့မြို့ဦးဘုန်းကြီးကျောင်းရယ် ၊ ရိုမန်ကတ်သလစ်ချာ့ချ်...
By MPA ချင်းပြည်နယ်မင်းတပ်မြို့သို့အကူအညီများပေးရန်ရောက်ရှိနေသည့်UNHCR  (The UN RefugeAgency )၏ အကူအညီပေးရေးယာဉ်တန်းကို စစ်တပ်ကအကန့်အသတ်ဖြင့်သာခွင့်ပြုထားကြောင်းသိရသည်. “နိုင်ငံခြားသားကိုဝင်ခွင့်မပေးဘူး။ အခုရောက်နေတဲ့သူတွေ အကူအညီသွားပေးမယ့်သူတွေက UNHCRကမြန်မာအရာရှိတွေပဲပါတယ်။ ပြီးတော့မြို့ပြင်ကိုထွက်ခွင့်မပြုဘူး”...
By MPA ကယားပြည်နယ်အတွင်းစစ်ရှောင်စခန်းများတွင်ဆေးဝါးများနှင့်ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်းသိရသည်။ “ကျွန်မတို့ဆီမှာကိုဗစ်ဖြစ်တဲ့သူတွေအောက်ဆီဂျင်ပြတ်တဲ့သူတွေတော့အခုချိန်ထိမရှိသေးပါဘူး။ရာသီတုပ်ကွေးဖြစ်တဲ့သူတွေငှက်ဖျားမိပြီးဖျားတဲ့သူတွေပဲရှိပါတယ်။အဓိကကတော့ဆေးဝါးတွေလိုအပ်ပါတယ်။ပြီးတော့ဒီမှာလူများတော့ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေလက်ဆေးဆပ်ပြာတွေတော့အလုံအလောက်မရှိသေးတော့ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ပြောရပါမယ်”ဟု ကယားစစ်ဘေးရှောင်စခန်းတွင်ရောက်ရှိနေသူတစ်ဦးကဆိုသည်။ ဇူလိုင်လပိုင်းတွင်စစ်ရှောင်လူဦးရေများပြားလာပြီးရာသီဥတုအပြောင်းအလဲများ၊နေထိုင်ရသည့်နေရာအခက်အခဲကြောင့်ဖျားနာမှုများရှိနေပြီးအနီးဆုံးဆေးကုသစခန်းမှာအချိန်အတော်ကြာသွားရကြောင်းသိရသည်။ “ကျွန်မတို့စစ်ရှောင်စခန်းမှာဆေးပေးခန်းတော့ရှိတယ်။ဒါပေမဲ့ဆေးအလုံအလောက်မရှိဘူး။ကျွန်မတို့နေတဲ့နေရာနဲ့ဆရာဝန်ရှိတဲ့နေရာကတော်တော်လေးတော့သွားရသေးမယ်။ဆရာဝန်ရှိတဲ့နေရာသွားတဲ့အခါမှာအခုက လမ်းပေါ်မှာစစ်သားတွေကနေရာတိုင်းရှိနေတော့မလုံခြုံရေးကတော့မပြောတတ်ပါဘူး”ဟုဆိုသည်။ လက်ရှိအချိန်တွင်ကယားပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသဖြင့်ပြည်သူတစ်သိန်းကျော်အနေဖြင့်အိုးအိမ်များစွန့်ခွါပြီးဘေးကင်းလုံခြုံရာများသို့ရှောင်းတိမ်းနေရသည်။စစ်ရှောင်များအနေဖြင့်လုံခြုံသောနေရာများတွင်မိုးကာများဖြင့်ဖြစ်သလိုနေထိုင်ရသဖြင့်ကျန်းမာရေးအတွက်အဘက်ဘက်မှစိန်ခေါ်မှုများရှိနေခြင်းဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင်ဇူလိုင်လ၁၃ရက်နေ့အထိကိုဗစ်ကူးစက်ခြင်းမရှိသေးသော်လည်းလူဦးရေအများအပြားရှိသည့်အတွက်စစ်ဘေးရှောင်များအနေဖြင့်ကိုဗစ်ရောဂါအတွက်စိုးရိမ်ပူပန်မှုများရှိသည်။ကယားပြည်နယ်တွင်တစ်ပတ်အတွင်းကိုဗစ်ကူးစက်သူ၁၀၀ကျော်ရှိပြီးသေဆုံးသူတစ်ဦးရှိသည်။ #IDP #ကယား #MPA<!--...
%d bloggers like this: