fbpx
December 1, 2021

News

By MPA စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နောင်ပကျစ်ရပ်ကွက်တွင် CDMပြုလုပ်ထားသူကျောင်းဆရာမတစ်ဦးဖြစ်သည့် မမေနှင်းအေးကို အောက်တိုဘာလ၂၄ရက်နေ့ညနေပိုင်းတွင်လူသုံးဦးက ၎င်း၏နေအိမ်သို့လာရောက်ပြီးသေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။ “မနေ့ကည၆နာရီခွဲလောက်က ခြံရှေ့ကိုအိမ်စီးကားအဖြူစိုက်ပြီး ခြံထဲမှာလူစိမ်း၃ယောက်ဝင်လာပြီး ကျနော့်အခန်းဘေးဝရံတာနားမှာထိုင်နေတဲ့မရီးကို သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ပြီးသတ်သွားတာပါ”...
By MPA ကရင်ပြည်နယ်နေ့ပွဲတော်နေ့တွင် ဒုံးကပေးရန် စစ်ကောင်စီက လိုက်လံစည်းရုံးနေသည့်အတွက် ဒေသတွင်းဒုံးအဖွဲ့များ၊ ဒုံးအကနည်းပြဆရာများ၊ ဒုံးကသည့် လူငယ်မောင်မယ် များ ရပ်ရွာထဲတွင်မနေဘဲ ရှောင်ရှားနေထိုင်ကာငြင်းဆိုနေသဖြင့် စစ်ကောင်စီကို...
[ English Below ] By MPA Air-KBZ လေယာဉ်၏ Pitot-Tubeအတွင်း သစ်ရွက်များတွေ့ရှိခဲ့သည့်အမှုအတွက် စစ်ဆေးခြင်းခံနေရသည့် Air-KBZမှ လေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုမင်းမင်းစိုးသည်အောက်တိုဘာလ၁၇ရက်နေ့ညပိုင်းတွင်...
[ English Below ] By MPA မန္တလေးတွင် အောက်တိုဘာလ၁၈ရက်နေ့ နံနက်ပိုင်း၌ပြုလုပ်မည့် မန္တလေးလူငယ်သပိတ်စစ်ကြောင်း မစတင်မီတွင်ပင် အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့ပြီး သပိတ်စစ်ကြောင်းလူငယ််၆ဦး...
By MPA ချင်းပြည်နယ် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၁၈ရက်နေ့ နံနက်၁၂နာရီခွဲဝန်းကျင်မှစတင်ပြီး လက်နက်ကြီးဖြင့် တစ်နာရီနီးပါး ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ဖလမ်းမြို့ရှိ ဗားရ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည်...
By MPA ဒဂုံအရှေ့ပိုင်းမြို့နယ် ၆ရပ်ကွက်တွင်ဆောက်လက်စတိုက်တစ်လုံး ဒီနေ့နံနက်ပိုင်းတွင်ပြိုကျခဲ့ပြီး ကန်ထရိုက်တာအပါအဝင်‌ေဆာက်လုပ်ရေးလုပ်သား ၂ဦးသေဆုံးခဲ့ပြီး သုံးဦးကိုမြောက်ဥက္ကလာဆေးရုံကြီးသို့ပို့ဆောင်ထားသည်။ “စုစုပေါင်း၆ဦးတွေ့ပါတယ်။အကုန်လုံးကိုမြောက်ဥက္ကလာဆေးရုံကိုပို့လိုက်ပါပြီ။ သုံးဦးကဆုံးသွားပါတယ်။” ဟုစေတနာရှင်ပရဟိတအသင်းမှတာဝန်ရှိသူကဆိုသည်။ အဆိုပါအဆောက်အဦသည် သုံးထပ်အဆောက်အဦဖြစ်ပြီး ဒီ‌ကနေနံနက်၉နာရီခန့်တွင်...
[ English Below ] By MPA ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထလန်ရောန်ရွာသစ်ရှိနေအိမ်များကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၁၄ရက်နေ့ တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း...
By MPA ကယား(ကရင်နီ)ပြည်နယ်၏ ဖရူဆိုမြိို့နယ်တွင် ယနေ့(အောက်တိုဘာလ၁၄)ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။ “ဖရူးဆိုဘက်ပစ်တယ်။ အရှေ့ဘက်ခြမ်း ထားလဲကျေးရွာတို့ဘက်မှာ ဒီနေ့မနက်ပိိုင်းပစ်ခတ်ခဲ့တယ်။...
By MPA အာဆာ(Arakan Rohingya Salvation Army)တပ်မှူးတစ်ဦးကို APBN တပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ်IDPs Campထဲမှ အောက်တိုဘာ ၁၁ ရက်၊ယနေ့ဖမ်း ဆီးရမိကြောင်း...
By MPA ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့နွဲရွာအနီး အကြမ်းဖက်စစ်တပ် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ယနေ့ တစ်နေ့ထဲ တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့ပြီး...
By MPA ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမီး ပွိုင့်အနီး City Mart ရှေ့တွင် ယနေ့ အောက်တို ဘာလ ၁၁ ရက်...
By MPA မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးအနီး မုန့်ဟင်းခါးဆိုင်ထိုင်နေသည့် မြို့နယ်စစ်ကောင်စီဥက္ကဌ ဦးကျော်ငြိမ်း ယနေ့ အောက်တိုဘာလ ၁၁ ရက် မနက်...
By MPA စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်မင်းထန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအောက်တိုဘာလ၇ရက်နေ့နေ့လယ်ပိုင်းတွင်မွှေနှောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနေအိမ်၅လုံးကိုမီးရှို့ကာ ဘုန်းကြီး၆ပါးကိုဖမ်းဆီးသွားခဲ့သည်။ အောက်တိုဘာလ၆ရက်နေ့တွင်မင်းထန်းကျေးရွာမှဒလန်တစ်းအသတ်ခံရပြီးနောက်ဒီကနေ့တွင်စစ်တပ်ကဝင်ရောက်ခဲ့ပြီးယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတော်လှန်ရေးသမားများထံမှသိရသည်။ “ကျနော်တို့ကမနေ့ကဒလန်အကြီးကြီးရှင်းဖို့သွားတာမရလိုက်ဘူး။သူကလွတ်သွားတယ်။အခြားဒလန်တကောင်ကိုရှင်းလိုက်တယ်။အဲ့နောက်မှဝင်လာပြီးဒါမျိုးလုပ်တာဗျ။မီးရှို့ခံရတဲ့အိမ်တွေကလည်းPDFတွေအိမ်ဆိုပြီးရှိ့သွားကြတာ” အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဥ◌ီးကဆိုသည်။ ကျေးရွာအတွင်းရှိနေအိမ်၅လုံးကိုမီးရှို့ဖျက်ဆီးပစ်ခဲ့သည့်အပြင်ရွာကျောင်းမှဆရာတော်နှင့်သံဃာတော်၅ပါးကိုဖမ်းဆီးပြီးကား၂စီးကိုယူဆောင်သွားခဲ့သည်။ “ရွာထဲမှာလူမှမရှိတော့ပဲတွေ့တာဖမ်းသွားတာပဲနေမှာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။ စစ်ကိုင်းအတွင်းရှိကျေးရွာအချို့တွင်လည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာနေအိမ်များကိုဖျက်ဆီးခြင်း၊အစားအသောက်များယူဆောင်ခြင်း၊ပစ္စည်းများခိုးယူခြင်းများပြုလုပ်နေကြောင်းဒေသခံများ၏ပြောပြချက်အရသိရှိရသည်။ အကြမ်းဖက်စစ်တပ်သည်စစ်က်ိုင်းတိုင်း၊မကွေးတိုင်းနှင့်မကွေးနှင့်ချင်းပြည်နှင့်နီးစပ်သောနေများမှကျေးရွာများကိုဝင်ရောက်လျက်ရှိနေပြီးရွာကိုမီးရှို့ခြင်းလက်နက်ကြီးဖြင့်ပြုလုပ်လျက်ရှိနေသည်။ စစ််တပ်၏မီးရှို့မှုကြောင့် အဆိုပါကျေးရွာများမှာနေအိမ်များပျက်ဆီးခြင်းပစ္စည်းများပျောက်ခြင်းလူသေဆုံးမှုများဖြစ်ခြင်းများဖြစ်ပေါ်နေသည့်အတွက်...
By MPA ပြင်သစ်အထက်လွှတ်တော်က NUG အစိုးရအား အသိအမှတ်ပြုရေးအဆိုကို မဲခွဲရာတွင် ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၅ ပြင်သစ်စံတော်ချိန် ညနေ...
By MPA မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော နှမ်းခါးကျေးရွာတွင် အောက်တိုဘာလ၂ရက်နေ့ ညနေပိုင်း၌ အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စစ်ရှောင်စခန်းမှ ရွာသို့ခဏပြန်သည့်သားအမိနှစ်ဦး...
By MPA အကြမ်းဖက်စစ်တပ်၏ နှိပ်စက်သည့်ဒဏ်များကြောင့် အောက်တိုဘာလ၁ရက်နေ့တွင် ကျဆုံးခဲ့ရသော နေပြည်တော်သပိတ်ခေါင်းဆောင် ကိုရန်ပိုင်၏နာရေးကို အောက်တိုဘာလ၂ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကွေ့ကြီးသုဿန်တွင် ပြုလုပ်ခဲ့သည်။ ကိုရန်ပိုင်သည်...
By MPA စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ ဘုရင့်နောင်ရပ်ကွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး(ကကဝယ်) ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်...
[ English Below ] By MPA ဒီးမော့ဆိုမြို့နယ်အတွင်းရှိသေးဆူးလဲကျေးရွာမှကျေးရွာသားတစ်ဦးသည်စက်တင်ဘာလ၂၈ရက်ညနေပိုင်းတွင်စစ်ရှောင်နေရာမှ ရိက္ခာလိုအပ်ချက်ကြောင့်ရွာထဲသို့ပြန်လည်ဝင်ရောက်ရာတွင် စစ်တပ်ကထောင်ထားခဲ့သောမိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ပြတ်ခဲ့ရသည်။ စက်တင်ဘာလ၂၆ရက်နေ့က ကုန်းသာရွာနှင့်သေးဆူလဲကျေးရွာတို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအထိအခိုက်များစွာဖြင့်တပ်ဆုတ်ခဲ့ရသောအကြမ်းဖက်စစ်တပ်သည်ရွာအတွင်းမိုင်းများထောင်ထားခဲ့ပြီး၎င်းတို့ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိပြီးယခုကဲ့သို့ထိခိုက်ခဲ့ရခြင်းဖြစ်ကြောင်းကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှတာဝန်ရှိသူကဆိုသည်။ “စက်တင်ဘာ၂၈ရက်ညနေ၇နာရီ၈နာရီဝန်းကျင်မှာသေဆူးလဲကိုရိက္ခာသွားပြန်ယူတဲ့ရွာသားတစ်ဦးမိုင်းနင်းမိခဲ့တာပါ။...
By MPA   အကြမ်းဖက်စစ်တပ်သည်ကယားပြည်နယ်အတွင်းသို့ဘက်ပေါင်းစုံမှအင်အားအမြောက်အများဖြင့်ထိုးဖောက်ဝင်ရောက်လျက်ရှိနေပြီးကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း ခုံခံတိုက်ခိုက်လျက်ရှိနေသည်။   စက်တင်ဘာလ၂၆ရက်နေ့က ကုန်းသာရွာတိုက်ပွဲတွင် အထိအခိုက်များစွာဖြင့်တပ်ဆုတ်သွားခဲ့ရသောအကြမ်းဖက်စစ်တပ်အနေဖြင့်အင်အားအမြောက်အမြားဖြင့်ကရင်နီပြည်နယ်အတွင်းသို့ပြန်လည်ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှတာဝန်ရှိသူပြောသည်။   “မနေ့ကကုန်းသာတိုက်ပွဲမှာစကစ က၁၀ဥ◌ီးထက်မနည်းကျတယ်။အဲ့တာကိုမကျေနပ်လို့ဒီနေ့မှာလွိုင်ကော်ကနေလက်နက်ကြီးနဲ့ထုတာရှိတယ်။အိမ်တွေလောင်နေတာအများကြီးပဲ။စစ်ကူတွေလည်းထပ်ပို့နေကြတယ်။ဖယ်ခုံတို့ဒီးမော့ဆိုတို့ဘက်ကိုလည်းဝင်ဖို့လုပ်နေတာတွေရှိတယ်”ဟုKNDFမှတာဝန်ရှိသူကဆိုသည်။  ...
By MPA မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်သိပ္ပံလမ်းပေါ်ရှိကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတွင် စက်တင်ဘာ၂၇ ရက်နေ့ နံနက်၁၀နာရီကျော်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး က.ည.နရုံးသို့လာရောက်သည့် လူ( ၈ )​ဦးဒဏ်ရာရှိသွားကြောင်းမန္တလေးမြို့ခံများထံမှသိရသည်။ ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် လိုင်စင်သက်တမ်းတိုးမည့်သူများနှင့် ပွဲစားများအပြားရှိနေသည့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒဏ်ရာရရှိသူ(​၈)​ ဦး...
By MPA ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဗဟိုလမ်းမပေါ် ရှိ စစ်အုပ်စုနှင့်ပတ်သက်သည့် စီးကရက်စက်ရုံအနီးတွင် ယနေ့စက်တင်ဘာလ ၂၇ ရက် မနက်အစောပိုင်းက ဗုံး ၆...
By MPA   မုံရွာမှ ပရဟိတနယ်လှည့်ဆေးကုသနေသည့် ဆရာ၀န်တစ်ဦးအပါအ၀င် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး...
By MPA ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်မြို့အများအပြားအပါအဝင် မြို့နယ် ၁၆ ခု၏ နေရာအချို့ တွင် စက်တင်ဘာလ ၂၆ ရက် မနက် ၁၀...
By MPA   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ တောင်ပိုင်းမှ မွတ်ဆလင်နှစ်ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။   ”စစ်သားတွေက...
[ English Below ] By MPA စစ်တပ်မှ အာဏာသိမ်းမှု ၈လကျော်ကြာမြင့်လာသည့်အချိန်တွင် တိုင်း၃တိုင်းနှင့် ပြည်နယ်နှစ်ခုမှ မြို့နယ်၂၂မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခြင်း ခံထားရသည်။...
By MPA မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရဲကင်းတွင်စောင့်နေသောအကြမ်းဖက်စစ်တပ်မှ တပ်သားတစ်ဦးသည် (စက်တင်ဘာ၂၃)ရက်နေ့တွင် သေနတ်ဖြင့်မိမိကိုယ်ကို ပစ်သတ်ပြီးအဆုံးစီရင်သွားသည်။ ပြည်ကြီးတံခွန်မြို့နယ် ၁၂၁ လမ်းနှင့် ၁၂၂ ကြား ၅၁...
By MPA စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စစ်ကောင်စီလက်အောက်ခံ မြင်းမူ ရဲစခန်းမှူး ယမန်နေ့ စက်တင်ဘာ ၂၂ရက် ညပိုင်းကဘီယာဆိုင် ထိုင်နေစဥ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ...
By MPA   ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်၊ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏နေအိမ်၌ စက်တင်ဘာလ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ၎င်း ၏သမီးဖြစ်သူ သေဆုံးခဲ့ကာ...
By MPA မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ပျူစောထီးခေါင်းဆောင်ဟု လူသိများသည့် မင်းခန့်ဆိုသူကို အထက်မြန်မာပြည်အထက်ပိုင်းမှ အဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး ရှင်းလင်းသုတ်သင်လိုက်သည်။ စက်တင်ဘာလ၁၉ရက်နေ့ညပိုင်းတွင် ရေစကြိုမြို့နယ်၊ မအူတောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ...
By MPA စစ်ကောင်စီမှ ၄င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင် များဖြစ်သည့် အောက်ခြေစစ်သားနှင့် ရဲများ CDMပြုလုပ်မည်ကိုစိုးရိမ်နေပြီး စစ်ခေါင်း ဆောင်များမှ ဒေသအလိုက်ခွဲ၍ တလှည့်စီ လိုက် လံရှင်းပြနေကြောင်း...
%d bloggers like this: