fbpx
December 3, 2021

SagaingRegion

By MPA စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ်မှစခန်းချထားသောနေရာတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များနိုဝင်ဘလ၂၉ရက်နေ့နံနက်ပိုင်းတွင် မိုင်းဆင်ပြီး ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြောက်ကျားတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်တပ်၏ ယာယီစခန်းချရာတစ်ဝိုက်ကို မိုင်းများပတ်လည်ထောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ဆက်သွယ်ရေးလိုင်းများအခက်အခဲရှိသဖြင့်ထိခိုက်သည်အထိ...
By MPA စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ပန်းဆက်ကျေးရွာတဝိုက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များ သောင်းကျန်းနေကြောင်း ဒေသခံများ ထံမှသိရသည်။ အဆိုပါ ပျူစောထီးအဖွဲ့များ၏ လက်နက်အပြည့်အစုံနဲ့...
[ English Below ] By MPA စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက...
By MPA စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းရွာရှိပြည်သူ့ကာကွယ်ရေးစခန်းကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးခဲ့သည့် စစ်တပ်သတင်းပေး(ဒလန်) ဟု သတ်မှတ်ခံရသူ တင့်ဆွေကို မြောင် အမျိုးသမီး ပြောက်ကျားတပ်က...
By MPA မန္တလေး လူထုသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုတေဇာဆန်း၏ ဇာတိကျေးရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ၁၁ရက်နေ့တွင် ရဟတ်ယာဉ် ၂ စီးပါ အသုံးပြုပြီး...
By MPA စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က နည်းမျိုးစုံဖြင့် စစ်အင်အားတိုးချဲ့လာနေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။ အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်းသို့ စစ်အင်အားတိုးချဲ့ရာတွင် အများပြည်သူများ စီးနင်းလေ့ရှိသည့်...
By MPA စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေးရွာရှိ စံပ္ပာယ်ရုံကျောင်းဆရာတော်ကိုအကြမ်းဖက်စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို ကူညီသည်ဟု စွပ်စွဲကာ လူဝတ်လဲပြီး ဖမ်းဆီးထားကြောင်း သိရသည်။ အောက်တိုဘာလ၇ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က...
By MPA   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိရဲစခန်းကို အောက်တိုဘာ၉ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မြောင်ဒေသခံကာကွယ်ရေးအဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသည့် စစ်ကားများကိုပါ...
By MPA စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်မင်းထန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကအောက်တိုဘာလ၇ရက်နေ့နေ့လယ်ပိုင်းတွင်မွှေနှောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနေအိမ်၅လုံးကိုမီးရှို့ကာ ဘုန်းကြီး၆ပါးကိုဖမ်းဆီးသွားခဲ့သည်။ အောက်တိုဘာလ၆ရက်နေ့တွင်မင်းထန်းကျေးရွာမှဒလန်တစ်းအသတ်ခံရပြီးနောက်ဒီကနေ့တွင်စစ်တပ်ကဝင်ရောက်ခဲ့ပြီးယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတော်လှန်ရေးသမားများထံမှသိရသည်။ “ကျနော်တို့ကမနေ့ကဒလန်အကြီးကြီးရှင်းဖို့သွားတာမရလိုက်ဘူး။သူကလွတ်သွားတယ်။အခြားဒလန်တကောင်ကိုရှင်းလိုက်တယ်။အဲ့နောက်မှဝင်လာပြီးဒါမျိုးလုပ်တာဗျ။မီးရှို့ခံရတဲ့အိမ်တွေကလည်းPDFတွေအိမ်ဆိုပြီးရှိ့သွားကြတာ” အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဥ◌ီးကဆိုသည်။ ကျေးရွာအတွင်းရှိနေအိမ်၅လုံးကိုမီးရှို့ဖျက်ဆီးပစ်ခဲ့သည့်အပြင်ရွာကျောင်းမှဆရာတော်နှင့်သံဃာတော်၅ပါးကိုဖမ်းဆီးပြီးကား၂စီးကိုယူဆောင်သွားခဲ့သည်။ “ရွာထဲမှာလူမှမရှိတော့ပဲတွေ့တာဖမ်းသွားတာပဲနေမှာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။ စစ်ကိုင်းအတွင်းရှိကျေးရွာအချို့တွင်လည်းအကြမ်းဖက်စစ်တပ်ကဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာနေအိမ်များကိုဖျက်ဆီးခြင်း၊အစားအသောက်များယူဆောင်ခြင်း၊ပစ္စည်းများခိုးယူခြင်းများပြုလုပ်နေကြောင်းဒေသခံများ၏ပြောပြချက်အရသိရှိရသည်။ အကြမ်းဖက်စစ်တပ်သည်စစ်က်ိုင်းတိုင်း၊မကွေးတိုင်းနှင့်မကွေးနှင့်ချင်းပြည်နှင့်နီးစပ်သောနေများမှကျေးရွာများကိုဝင်ရောက်လျက်ရှိနေပြီးရွာကိုမီးရှို့ခြင်းလက်နက်ကြီးဖြင့်ပြုလုပ်လျက်ရှိနေသည်။ စစ််တပ်၏မီးရှို့မှုကြောင့် အဆိုပါကျေးရွာများမှာနေအိမ်များပျက်ဆီးခြင်းပစ္စည်းများပျောက်ခြင်းလူသေဆုံးမှုများဖြစ်ခြင်းများဖြစ်ပေါ်နေသည့်အတွက်...
By MPA အကြမ်းဖက်စစ်တပ်ကို အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်နေသော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်သုံးခုဖြစ်သည့် ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့်ကောလင်းမြို့နယ်တို့တွင်ယနေ့(စက်တင်ဘာ၂၆)မှစ၍ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။ “မနေ့ညက...
By MPA စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်၊ ကျီကုန်းကျေးရွာတွင် ရဲမိသားစုဝင်အချို့အသတ်ခံရပြီးနောက် စက်တင်ဘာလ၂၃ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာကို ဝင်‌ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလျက်ရှိသည်။ အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာလ၂၃ရက်နေ့၊ နံနက်၁၀နာရီခန့်တွင်...
By MPA စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စစ်ကောင်စီလက်အောက်ခံ မြင်းမူ ရဲစခန်းမှူး ယမန်နေ့ စက်တင်ဘာ ၂၂ရက် ညပိုင်းကဘီယာဆိုင် ထိုင်နေစဥ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ...
By MPA စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှမွေးမြူထားသောပျူစောထီးခေါင်းဆောင်၊အလုပ်သမားနှင့် မိသားစုဝင် စုစုပေါင်းငါးဦးသည် စက်တင်ဘာလ၁၉ရက်နေ့ ညပိုင်းတွင် သေနတ်အပစ်ခံရပြီး သေဆုံးခဲ့သည်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျေးရွာ၌ စစ်တပ်ဝင်စီးခဲ့သည့်ဖြစ်စဉ်အတွက် အကြမ်းဖက်စစ်တပ်ကိုသတင်းပေးသည်ဟုယူဆရသည့်...
By MPA   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိကျောက်ပြုတ်ကျေးရွာတွင် စက်တင်ဘာ(၁၂) ရက်နေ့၌ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွာရှိနေအိမ်များကိုမီးရှို့ဖျက်ဆီးနေသည်ဟုသိရသည်။   စက်တင်ဘာလ ၁၁...
By MPA စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တန့်ဆည်မြို့နယ် ကပေါင်းကျ ကျေးရွာတွင် စစ်တပ်က သြဂုတ်လ၂၇ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။ “မနေ့ညကပစ်ခတ်မှုတွေဖြစ်တယ်။ညဦးပိုင်းမှာ သုံးဦးကျည်ထိပြီးသေဆုံးသွားတယ်။ ​လေးယောက်အဖမ်းခံလိုက်ရတယ်”ဟု ဒေသခံတစ်ဦးကMPAသို့ပြောသည်။ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့်သေဆုံးသူများမှာမည်သည့်နေရာတွင်သေဆုံးခဲ့သည်ကိုတော့...
By MPA စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် သြဂုတ်လ၂၆ရက်နေ့ညပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ တစ်ရွာလုံးကိုမီးရှို့ခဲ့သည့်အတွက် အိမ်ခြေ၇၀၀ကျော်စစ်ဘေးရှောင်နေကြရပြီး စာနပ်ရိက္ခာအထောက်အပံ့များလိုအပ်နေကြောင်းသိရသည်။ ယမန်နေ့နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ကပေါင်းကျကျေးရွာကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး...
By MPA စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိကာပေါင်းကျကျေးရွာကို သြဂုတ်လ၂၆ရက်နေ့ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။ ‘“နေ့လယ်ထဲကစစ်တပ်ကဝင်စီးထားတာ။ ညနေဘက်မှာ စစ်တပ်ကပစ်တဲ့အတွက် လူငယ်တစ်ယောက်လည်း သေဆုံးသွားရတယ်။ တစ်ယောက်ကိုဖမ်းသွားတယ်။အခုတော့တစ်ရွာလုံးကိုမီးရှို့ဖျက်ဆီးလိုက်တာ” ဟုစစ်ကိုင်းမှစစ်အာဏာရှင်ဆန့်ကျင်နေသူ...
By MPA လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော တရုတ်အစိုးရပိုင် ဝမ်ပေါင် ဏုမ္ပဏီကို လက်ပံတောင်းပတ်ဝန်းကျင်ရှိ တောင် ၃၃ လုံးပါဝင်သည့် မြေဧက တသန်းတွင်...
By MPA စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က သြဂုတ်လ၁၈ရက်နေ့နံနက်ပိုင်းတွင် စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များရှိသည်ဟု ၎င်းတို့ယူဆသည့်တောအုပ်များထဲသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသိရသည်။ “မနက်တည်းကပစ်နေတာပါ။ ကျွန်​တော်တို့အထင်တော့ စစ်ရှောင်စခန်းတွေ၊PDFတွေရှိတယ်ထင်တဲ့နေရာကို ရမ်းပစ်တယ်ထင်ပါတယ်။...
By MPA စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ မရကန်ကျေးရွာတွင် သြဂုတ်လ၉ရက်နေ့၌ စစ်တပ်က ရွာထဲရှိစတိုးဆိုင်တစ်ဆိုင်မှအစားအသောက်များကို စားသောက်ပြီးနောက်အဆိုပါစတိုးဆိုင်ရှိပစ္စည်းများကိုမီးရှို့သွားခဲ့ကြောင်းသိရသည်။ “ရွာထဲကဆိုင်မှာရှိတဲ့ ပစ္စည်းတွေမုန့်တွေယူစားတယ်။ပြီးတော့ အဲ့ဆိုင်က ပစ္စည်းတွေကို အပြင်ထုတ်ပြီးမီးရှို့သွားခဲ့တာ”...
%d bloggers like this: